ငါးကျည်း4 NAm Ppk t Zz0 DJagAuh6 N N 2òA
| ငါးကျည်း | |
|---|---|
သဘာဝထိန်းသိမ်းခြင်း အခြေအနေ
| |
Least Concern (IUCN 3.1) | |
| သိပ္ပံနည်းကျ အမျိုးအစားခွဲခြင်း | |
| လောက: | Animalia
|
| မျိုးပေါင်းစု: | Chordata
|
| မျိုးပေါင်း: | Actinopterygii
|
| မျိုးစဉ်: | Siluriformes
|
| မျိုးရင်း: | Heteropneustidae
|
| မျိုးစု: | Heteropneustes
|
| မျိုးစိတ်: | H. fossilis
|
| ဒွိနာမ | |
| Heteropneustes fossilis (Bloch, 1794) | |
ငါးကျည်း[ပြင်ဆင်ရန်]
ငါးကျည်းသည် ငါးထွေမျိုးတွင် ပါဝင်သည်။ ပါဏဗေဒအရ ဟက်တာရိုနျူတိဖော့စီလိဟု ခေါ်သည်။ အသားစား ငါးမျိုးဖြစ်သည်။ ငါးခူနှင့် ပုံသဏ္ဌာန်တူသော်လည်း အကောင်သေး၍ ပြာနှမ်းနှမ်းအရောင်ရှိပြီး ငါးခူလောက် မကြီးချေ။ နှုတ်ခမ်းမွှေး လေးမျှင်ရှိ၍ မာကျောချွန်တက်သော နောက်ဖက်သို့ လှည့်နေသည့် ဆူးတစ်ချောင်း ရှိသည်။ ငါးရံ့၊ ငါးခူတို့ကဲ့သို့ အောက်ဆီဂျင်ကို တိုက်ရိုက်ရှူနိုင်သော အင်္ဂါပါရှိသဖြင့် ရေတင်နေသော လယ်ကွင်းများတွင် နေနိုင်သည်။ ငါးကျည်းကို လယ်ကွင်းများ၌ ဆောင်းများဖြင့် ဖမ်းယူလေ့ရှိသည်။ ငါးကျည်းသည် ငါးခူကဲ့သို့ ငါးပိလုပ်ရန် အသုံးမဝင်သော်လည်း ယင်းကို ငါးကျည်းခြောက် အဖြစ် ကျပ်တင်ရောင်းလေ့ ရှိကြသည်။[၁]
ကိုးကား[ပြင်ဆင်ရန်]
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)